Skip to main content

ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်း

 

ကြက်သွန်နီ စိုက်နည်းအကြောင်းတင်ပြီးပြီဆိုတော့
ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်းအကြောင်းထပ်တင်ပေးလိုက်ပါတယ်။

ကြက်သွန်ကြီးထွားသန်မာဖို့ အပင်ပြုစုနည်း

တောင်သူကြီးများ အသုံးပြုလိုက်သော အစာအာဟာရများကို ကြက်သွန်ပင်မှ ပြည့်ပြည့်ဝဝ စားသောက်ပြီး ကောင်းစွာကြီးထွားနိုင်စေရန်အတွက်  ပေါင်းနှိမ်နှင်းရန် အထူးလိုအပ်ပါသည်။ စိုက်ပြီးကတည်းက ပေါင်းမပေါက်နိုင်စေရန် ပေါင်းအုပ်ဆေးသုံးခြင်း၊ လက်ပေါင်းလိုက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။

အရွက်များစတင် ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး၊ ထပ်မံထည့်ပေးပါ။ ကြက်သွန် ပန်းဖူးများကို အပတ်စဉ် ချိုးပေးပါ။

ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပြီး ရေသွင်းချိန်ရောက်၊ မရောက်ကို ကြက်သွန်ပင် အခြေအနေကိုကြည့်၍ သိနိုင်သည်။

ကြက်သွန်ပင် ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်ခွံ အက်ကွဲတတ်သည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေသွင်ပေးရသည်။ ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ရေပေးသွင်းရန်လိုသည်။ အရွက်များ စတင်ကျလာချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရမည်။

မြေသားပေါ် မူတည်ပြီး ရေသွင်းချိန် (၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။

လှေးပိုး၊ပျပိုး၊ ခါးရိရောဂါ၊ဂျိုလိမ်၊ တောက်တဲ့မြီးရောဂါ၊ ဒေါင်းမြီးရောဂါတိုတို့ ကျရောက်တတ်သည်။ အပင်ပိုး ကျရောက်မှု အခြေအနေပေါ် မူတည်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ မှိုရောဂါကျရောက် နိုင်သည့်မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။

ကြက်သွန်သိုလှောင်ချိန်တွင် အထားခံစေရန်အတွက် ကယ်လ်ဆီယမ် ဘိုရွန်ပါသော မြေသြဇာများအသုံးပြုသင့်ပါတယ်။ ရွက်ဖျန်းအားဆေးနှင့် မြေသြဇာများကို ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံဖြစ်စေရန် စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

#တောင်သူဦးကြီး_taungthuoogyi
#ကြက်သွန်နီ

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့