ပဲတီစိမ်းစိုက်ပျိုးနည်းစနစ်
- မြေ၏ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိ နုန်းမြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးပါ။
- စိုက်ချိန်မှန် စိုက်ပျိုးပါ။
မိုးကြိုရာသီ - ဖေဖော်ဝါရီလလယ် မှ မတ်လထိ
မိုးရာသီ - မေလ မှ ဇွန်လလယ်ထိ
မိုးနှောင်းရာသီ- အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်ထိ
- အပင်ပေါက်ရာခိုင်နှုန်း ကောင်းသောမျိုး (၈၅- ၉၀) ရာခိုင်နှုန်းအထက်၊ အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများကို အသုံးပြုပါ။
- စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုတ်နှုန်း မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။
- တစ်ဧကလျှင် အပင်ဦးရေ (၁၀၀၀၀၀၀) အပြည့်အဝရရှိစေရန် တန်းကြား (၁.၅) ပေ၊ ပင်ကြား (၃ မှ ၄) လက်မကြား ထား၍ စိုက်ပျိုးပါ။
- မြေသြဇာနှုန်းထား
ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက (မြေခံ)
တီစူပါ (ကြွက်ချေး) ဓာတ်မြေသြဇာ - ၅၆ ပေါင်/ဧက (မြေခံ)
ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ - ၅၆ ပေါင်/ဧက (မြေခံ)
နွားချေး (သဘာဝ) မြေသြဇာ - လှည်း (၅) စီး မှ (၁၀) စီး
- ပေါင်းမြက်များကို အပင်ငယ်စဉ်တွင် နှိမ်နင်းပါ။
- အပင်ငယ်စဉ်တွင် ပင်စည်ထိုးယင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှေင်တောင်၊ ခူမွှေးရှည်ပိုးများ၊ ပန်းပွင့်ချိန်တွင် ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ။
- လိုအပ်ပါက ပန်းမပွင်မီတွင် တစ်ကြိမ်၊ သီးတောင့်ဖြစ်ထွန်းချိန်တွင် တစ်ကြိမ် ရေသွင်းပါ။
- အသီးတောင့် ဆွတ်ခူးခြင်းကို အနည်းဆုံး (၂) ကြိမ် ပြုလုပ်ရန် ဖြစ်ပါသည်။
#တောင်သူဦးကြီး_taungthuoogyi
Comments
Post a Comment