Skip to main content

စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ

 စပါးမျိုးစေ့ ဆားရည်စိမ် စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ



ကြဲပက် စိုက်ပျိုးသည်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင် စိုက်ပျိုးသည်ဖြစ်စေ၊ အပင်ပေါက်နှုန်း ကောင်းမွန်ပြီး၊ မျိုးစေ့ဆောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရုံသာမက၊ အောင်မြင်ပြည့်ဖြိုးသော စပါးစေ့များရရှိ၍ အထွက်နှုန်းကောင်းမွန်စေရန် မျိုးစပါးကို အညှောင့်မဖောက်မီ ဆားရည်စိမ်ရန် လိုအပ်ပါသည်။


လိုအပ်သော ပစ္စည်းများ


(၁) ကျောက်စည် (သို့) အဝကျယ် ပလပ်စတစ်ပုံး (သို့) စည်ပိုင်းပြတ် တစ်ခု၊

(၂)  အိမ်သုံးဆား (သို့) ဆားကြမ်း၊

(၃)  ဆားရည်ပြင်းအားကို တိုင်းတာရန် ဘဲဥ (သို့) ကြက်ဥ တစ်လုံး၊

(၄)  မွှေရန်အတွက် ဝါးခြမ်းပြား တစ်ခြမ်း၊

(၅)  မျိုးစေ့များကို ဆယ်ယူရန် နိုင်လွန် ပိတ်ဇကာ (သို့) ပိတ်စိမ်း နှစ်ကိုက်၊

(၆) ပေါင်းမျိုးစေ့များကို ဆယ်ယူရန် ရေစစ် (သို့) ပိတ်ပါးစ။


ဆားရည်စိမ်နည်း အဆင့်ဆင့်


(၁)  အိမ်သုံးဆား (၅၀) ကျပ်သားကို ရေ (၁) ဂါလံနှုန်းဖြင့် ဖျော်၍ စပါးတစ်တင်းအတွက် ရေ (၈) ဂါလံနှင့် ဆား (၄) ပိဿာ လိုအပ်ပါသည်။ 

(၂)  ဆားရည်စိမ်ရန် စည်ပိုင်းပြတ် တစ်ခုထဲသို့ ရေ (၈) ဂါလံ နှင့် အိမ်သုံးဆား (၄) ပိဿာထည့်ပြီး သမအောင် မွှေပေးပါ။ 

(၃) ဆားဖျော်ရည်အတွင်းသို့ ဘဲဥ (သို့) ကြက်ဥကို ထည့်လိုက်လျှင် ဆားရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်လာပါက စပါးမျိုးစေ့များ ဆားရည်စိမ်ရန် အကောင်းဆုံး အနေအထားရှိသော ပြင်းအား (၁.၀၈) ရှိသည့် ဆားဖျော်ရည် ရရှိလာပါသည်။

(၄)  စည်ပိုင်းပြတ်ထဲရှိ ဆားဖျော်ရည်သို့ မျိုးစပါးမထည့်မီ နိုင်လွန်ပိတ်ဇကာကို ခင်းပါ။ စပါးများ ပြန်ဆယ်ယူရာတွင် လွယ်ကူမြန်ဆန်စေရန် ဖြစ်ပါသည်။

(၅) အထက်ပါ ဆားဖျော်ရည်တွင် မျိုးစပါး (၈) ပြည်ထည့်၍ ဝါးခြမ်းပြား (သို့) လက်ဖြင့် အနည်းဆုံး (၅) မိနစ်မွှေပေးပြီး ဆားရည်မျက်နှာပြင် ပေါ်တွင် ပေါ်လာမည့် အဖျင်းအမှော်၊ လုံးပိန်လုံးညှပ်၊ ပေါင်းမျိုးစေ့များကို ရေစစ်ဖြင့် ဆယ်ယူပါ။

(၆)  ဆားဖျော်ရည်အလယ်တွင် ပေါ်နေသော စပါးစေ့များကို ဖယ်ရှားပါ။ ဤသို့ သုံးလေးကြိမ် ပြုလုပ်ပါ။ တစ်ကြိမ်မွှေပြီးတိုင်း စပါးစေ့များကို အနည်ထိုင်စေရန် (၁၀-၁၅) မိနစ်ခန့် စောင့်ပေးပါ။

(၇)  ဆားဖျော်ရည်အောက် နှစ်မြုပ်နေသော အောင်မြင်သည့် မျိုးစပါးစေ့များကို ဆားရည်စင်ကြယ်သည့်တိုင်အောင် ရေကောင်းဖြင့် (၃) ကြိမ်ခန့် ဆေးပါ။



မျိုးစိမ်၊ မျိုးဖောက်ခြင်း


(၁)  ဆားရည်ကင်းစင်အောင် ရေဆေးပြီးသော မျိုးစပါး များကို ပုံး (သို့) စည်ပိုင်းပြတ်တွင်ထည့်ပြီး ရေကို မျက်နှာပြင်အထက် (၄) လက်မခန့် မြုပ်အောင်ထည့်ပါ။

(၂)  စပါးများကို စည်ပိုင်းပြတ်တွင် အနည်းဆုံး (၂၄) နာရီကြာအောင် ရေစိမ်ပါ။ ရေစိမ်ထားစဉ် (၆) နာရီတွင် တစ်ကြိမ်ကျ (၄) ကြိမ် ရေသစ်လဲပါ။

(၃)  မျိုးစိမ်ချိန် (၂၄) နာရီကြာပါက မျိုးစေ့များကို နိုင်လွန် ပိတ်ဇကာ (သို့) ပိတ်စိမ်းဖြင့် ဆယ်ယူ၍ ရေ (၂-၃) ကြိမ် ထပ်မံဆေးကြောပြီး ရေစစ်ထားပါ။

(၄)  ရေစစ်ပြီးသော မျိုးစေ့များကို သမံတလင်း (သို့) ဝါးကြမ်းခင်း (သို့) ကွပ်ပျစ်ပေါ်တွင် ဂုန်နီအိတ် (သို့) ငှက်ပျောဖတ် (သို့) အင်ဖက်ခင်း၍ မျိုးစေ့အထူ (၆) လက်မခန့်ဖြန့်ပြီး ရေစိုသည့် ဂုန်နီအိတ်များဖြင့် လုံခြုံစွာအုပ်ပေးပါ။ 

(၅) အသုံးပြုသည့် ဂုန်နီအိတ်များတွင် အခြားသော စပါးမျိုးကွဲများ မပါရှိစေရန် ခါထုတ်ပြီး အသုံးပြုရမည်။

(၆)  မျိုးအုပ်နေချိန် (၁၂) နာရီလျှင် တစ်ကြိမ် အထက်အောက် မွှေပေးရန်နှင့် မွှေနေချိန် ရေဖြန်းပေးပါ။

(၇) မျိုးအုပ်ချိန် (၂၄-၃၆) နာရီကြာသောအခါ မျိုးညှောင့်များ စာပါးစပ်ပြူလာပြီဖြစ်၍ မျိုးစေ့ကြဲရန် အသင့်အနေအထား ရရှိလာပါသည်။


ဆားရည်စိမ်ခြင်း အကျိုးကျေးဇူးများ


(၁)  စပါးစေ့တိုင်းမှ စပါးပင်ပေါက်၍ အပင်ပေါက်နှုန်း ကောင်းသောကြောင့် အပင်ပေါက်စုံသည်။ 

(၂) အပင်ပေါက် ညီညာသည်။

(၃)  သန်မာသော ပျိုးပင်များ ရရှိလာသဖြင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရှိလာသည်။

(၄)  မျိုးစေ့ဆောင်ရောဂါများကို လျော့နည်းစေသည်။

(၅)  ပယ်လိုက်သော စပါးစေ့များကို အခြောက်ခံပြီး ကြိတ်ခွဲ၍ ကြက်စာ၊ ဘဲစာ၊ ဝက်စာအဖြစ် အသုံးပြုနိုင်သည်။

(၆)  မျိုးစေ့နှုန်း သက်သာသည့်အပြင် သန်မာသောစပါးပင်များအတွက် နေရာပိုရသဖြင့် လေဝင်လေထွက် ပိုမိုကောင်းမွန်စေသည်။

(၇)  ပေါင်းမျိုးစေ့များ ဖယ်ရှားနိုင်ခြင်းဖြင့် ပျိုးပင်များ အာဟာရဓာတ် ပိုမိုစုပ်ယူနိုင်ပြီး စပါးအထွက်နှုန်း တိုးလာစေနိုင်ပါသည်။


Source - DOA


Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့