Skip to main content

မြေသြဇာကျွေးလျှင် ဤသို့ကျွေးပါ

 " မြေသြဇာကျွေးလျှင် ဤသို့ကျွေးပါ "


(1) စိုက်ပျိုးထားသော သစ်ပင်အတွက် သင့်လျော်သော မြေသြဇာမျိုးကို ရွေးချယ်ပြီးနောက် သင့်လျော်သောအချိန် ကျွေးရမည်ဖြစ်ပါသည်။

(2) တိရစ္ဆာန်ချေးများအား အမိုးအကာနှင့် ကျနစွာသိမ်းထား ရပေမည်။ နေပူ မိုးရွာတွင် ပစ်မထားရပါ။ မြေသြဇာပုံကို မြေဖြင့်ဖုံးထားပါက အကောင်းဆုံးဖြစ်ပါသည်။

(3) မြေသြဇာများကို တစ်ခါတည်းများများ သုံးသည်ထက် မကြာမကြာ နည်းနည်းသုံးခြင်းက ပို၍ကောင်းသည်။ ပိုစိတ်ချရပါသည်။

(4) မပုပ်ဆွေးသေးသော တိရစ္ဆာန်ချေး သဘာဝမြေသြဇာ များသည် အပူလောင်စေသောဟသတ္တိရှိသဖြင့် ၄င်းတို့ကို လပ်လပ်ဆပ်ဆပ် မကျွေးရပါ။

(5) အရည်ပျော်လွယ်သော ဓာတ်မြေသြဇာများကို မိုးများသော ဒေသများ မိုးရာသီတွင်မကျွေးပဲ မိုးကုန်မှ ကျွေးခြင်းက ပိုမိုထိရောက်ပါမည်။

(6) မြေသြဇာများကို တစ်ခုနှင့်တစ်ခု အရမ်းရောနှောခြင်း မပြုပါနှင့်။ ဥပမာ- ထုံးနှင့် နိုက်ထရိုဂျင်ပါသော မြေသြဇာများကို ရောနှောလျှင် နိုက်ထရိုဂျင်သည် အာမိုနီးယားဓာတ်ငွေ့ဖြစ်၍ လေထဲသို့လွှင့်ပါသွားသဖြင့် ဆုံးရှုံး၏။

(7) ဓာတ်မြေသြဇာများသုံးသည့်အခါ ရေကိုများများ လောင်းပေးပါ။

(8) ဓာတ်မြေသြဇာများကို သစ်ပင်၏အမြစ်များနှင့် တိုက်ရိုက်မထိတွေ့စေရပါ။

(9) ဓာတ်မြေသြဇာများကိုသုံးလျှင် သဘာဝမြေသြဇာများ ကိုလည်းသုံးရပါမည်။

(10) ရွှေ့စိုက်ခါစ သစ်ပင်ပန်းပင်များကို မည်သည့်အခါမျှ မြေသြဇာမကျွေးရ။ သစ်ပင်များအရွက် အခက် စည်လာမှ မြေသြဇာကို နည်းနည်းနှင့် တစ တစ ကျွေးရမည်။

(11) မြေသြဇာအရည်များကို ချိနဲ့နေသော အပင်များအား မလောင်းရပါ။

(12) ပန်းအိုးနှင့်စိုက်သောအပင်များအတွက် သစ်ဆွေးမြေ အလွနါအကျွံ မထည့်ရပါ။ ရောဂါရလွယ်တတ်ပါသည်။ ခဏတာ သန်စွမ်းပြီး ချိနဲ့သွားတတ်ပါသည်။

(13) မြေသြဇာအရည်ကို ကျွေးရန်ကောင်းဆုံးအချိန်သည် 

* ပန်းပင်ဖြစ်လျှင် ပွင့်ဖူးဝင်စအချိန်ဖြစ်ပါသည်။

* စားသုံးသစ်သီးပင်များဖြစ်လျင် သီးကင်းဝင်စမှ အသီးရင့်ချိန်အထိ တပတ်လျှင် တစ်ကြိမ်ဖြစ်ပါသည်။

* ဟင်းသီးဟင်းရွက်ဖြစ်လျှင် ကြီးထးသန်စွမ်းချိန်ဖြစ်၏။

* အိုးနှင့်စိုက်သောအပင်များတွင် အိုးအတွင်းအမြစ်များ ပြည့်သောအချိန်ဖြစ်ပါသည်။

(14) မြေသြဇာကို သစ်ပင်အရင်းတွင် မည်သည့်အခါမျှ မကျွေးရပါ။ အိုးနှင့်စိုက်လျှင် အိုးနှုတ်ခမ်း၌၊ မြေမှာစိုက်လျှင် သစ်ပင်အကြီးအငယ်ကိုလိုက်၍ သစ်ပင်ခြေနှင့် ဝေးဝေး ကျွေးရပေမည်။ သစ်ပင်များဖြစ်လျှင် အပင်ရင်းမှ (4-5)ပေ ခွာပြီးကျွေးရပေမည်။


ဦးအောင်သိန်း၊ ဥယျာဉ်စိုက်ပျိုးခြင်းပညာ

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့