Skip to main content

EM

 

EM ပြုလုပ်နည်း တောင်းဆိုထားသော တောင်သူဦးကြီးများအတွက် ပြုလုပ်နည်းဖြစ်ပါတယ်

အလွယ်တကူ လိုက်ပြီး ပြုလုပ်နိုင်ကြပါစေ

EM ပြုလုပ်နည်း (Effective Microorganism)

လိုအပ်သောပစ္စည်းများ

(၁)ငှက်ပျောသီးမှည့် - ၁ ပိဿာ
(၂)သင်္ဘောသီးမှည့် - ၁ ပိဿာ
(၃)ဖရုံသီး - ၁ ပိဿာ
(၄)တင်လဲရည် သို့မဟုတ် ထန်းလျက်ရည်ကြို  - ၂ လီတာ
(၅) ကြက်ဥ - ၅ လုံး
(၆) ဖွဲနု နို့ဆီ ၁ဗူး  / ၁၀၀ ဂရမ်
(၇) ရေ - ၃ လီတာ
(၈) ရေသန့်ပုံး / စဥ့်အိုး / ပလက်စတစ်ပုံး (ရေ၂၀လီတာဆန့်သော)

ပြုလုပ်နည်းအဆင့်ဆင့်များ

ငှက်ပျောသီး၊ သင်္ဘောသီး၊ ဖရုံသီးတွေကို ၁လက်မအရွယ်လေးတွေ ခုတ်စင်းပါ။ (အသီးတွေ ရေဆေးစရာမလိုပါဘူး၊ သဘာဝသီးများ ပိုကောင်းပါတယ်)
တင်လဲရည်နဲ့ ရေ ၃လီတာထည့်မွှေထားပါ။
အသီးများကိုပြုလုပ်မယ့်ပုံးထဲသို့ထည့်ပါ။
ကျန်သောပါဝင်ပစ္စည်းများဖြစ်တဲ့ ကြက်ဥ၊ဖွဲနုကိုလည်း ထည့်ပါ။
တင်လဲရည်နှင့်ရေဖျော်ထားတာကိုထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။
ပြီးနောက် အဖုံးအောက် ပလက်စတစ်စ တစ်ထပ်ခံပြီး လေလုံအောင်ဖုံးပေးပါ။
အခန်းအပူချိန်နဲ့ မှောင်သောနေရာတွင်ထားပါ။
၅ ရက်ခြားတစ်ခါ / ၁ပတ်တစ်ခါ မွှေပေးပါ။
ဆန်ဆေးရည်ချန်ထားပြီးထည့်မွှေပေးလို့ရပါတယ်။
၂ လကြာရင် ချဥ်စူးစူးနဲ့အနံ့မွှေးမွှေးလေးရလာရင် အသုံးပြုလို့ရပါပြီ။
အပြင်းဆုံးအဆင့်/ အဆင့် ၁ ဖြစ်တဲ့အတွက်ကြောင့် အရည်ကိုစစ်ယူပြီး ထပ်ပွားထားလို့ရပါတယ်။
ပထမရလာတာက အပြင်းပါ
အသင့်သုံးပြုလုပ်ချင်တာ ထပ်ပွားချင်ရင် ဆေးရည်၊ တင်လဲရည် နှင့်ရေ အချိုးအစားကို ၁:၁:၂၀ နဲ့ပွားထားလို့ရပါတယ်။
ပွားနေချိန်ကို အနည်းဆုံး ၁ပတ် ထားပြီးမှ ထုတ်သုံးပါ။
ပိုးတွေက active ဖြစ်နေချိန်ဆိုရင် ဗူးထဲထည့်သိမ်းထားချိန် အဖုံးကန်ထွက်တတ်တာကြောင့်​ဗူးကို လေဟာနယ် ချန်ပေးရပါမယ်။

သက်တမ်းက သိမ်းထားပုံ၊ ပွားထားပုံ မူတည်ပြီး အနည်းဆုံး ၆ လ မှ  ၁ နှစ်လောက်ထိ ရပါတယ်။

အသုံးပြုပုံများ
ဖျန်းဆေးအနေနဲ့ EMကို  ရေ ၄ ဂါလံဆန့်ဆေးဖျန်းပုံး တစ်ပုံးကို ဆေးရည် ၁၀၀ စီစီ ထည့်ဖျန်းလို့ရပါတယ်။ ၁ ဗူးထည့်လည်း ရပါတယ် ။

လိုအပ်သောအာဟာရဓါတ်တွေနဲ့  မြေအဏုဇီဝပိုးများကြောင့်ကြီး၊ အပင်၊ အသီး၊ အရွက် အကုန်လုံးအတွက်အကျိုးပြုအားဆေးဖြစ်ပါတယ်။

မြေဆွေးပုံ ပုံရာတွင်လည်း EM ၁ လီတာ ရေ ၉၉ လီတာ တင်လဲရည် ၁ = ၁၀၀ လီတာ ဖြန်းပြီး အသုံးပြုလို့ရပါတယ်။

ကြက်၊ဘဲ ငါးကန် တိရိစ္ဆာန်မွေးမြူရေးခြံတွေမှာလည်း အနံ့ဆိုးများပျောက်စေရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

အိမ်သာအနံ့အတွက်လည်း သက်သာစေရန်အသုံးပြုနိုင်ပါတယ်။ ရေ အဆ ၂၀၀ နှင့်ရောစပ်ဖျန်းပေးလို့ရပါတယ်

Ref:သြဂဲနစ်စိုက်ပျိုးနည်းစနစ်များ
#တောင်သူဦးကြီး_taungthuoogyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့