Skip to main content

စပါးရွက်ညိုပြောက်ရောဂါ

 အခုအပတ် မှာတော့စပါးရွက်ညိုပြောက်ရောဂါအကြောင်း မျှ၀ေသွားမှာဖြစ်ပါတယ်။👦🏻


စပါးရွက်ညိုပြောက်ရောဂါ( Brown Leaf Spot)

က ကျွန်တော် ကွင်းဆင်း တဲ့ ရွာဘက်တွေမှာ အဓိက တွေ့ရတဲ့ရောဂါတစ်ခုပေါ့ ဗျာ။


🌾ရောဂါလက္ခဏာ

ပုံ မှာ ပြ ထား တဲ့ အတိုင်းအစက်သေးသေးလေးကနေ နှမ်းစေ့အရွယ် ဘဲဥပုံ အညိုရောင်အပြောက် လေး များ ညီညာစွာပြန့်ကြဲနေတတ်ပါတယ်။

အညိုရောင် အနားရစ်နဲ့မီးခိုးရောင် ဗဟိုအကွက်အသေးလေးများ တွေ့ရတတ်ပါတယ်။

အနှံအခက်နှင့်အစေ့များကြားတွင် လည်းအညိုရောင်ရောဂါကွက်များတွေ့ရတတ်ပါတယ်။




🌾ရောဂါကူးစက်ပျံ့နှံ့ခြင်း

ရောဂါကျထားတဲ့စိုက်ခင်းကမျိုးစေ့ ကိုအသုံးပြုခြင်းမှကူးစက်တတ်ပါတယ်။

ပုလဲမြေသြဇာလွန်ကဲစွာအသုံးများတဲ့မြေ၊အာဟာရချို့တဲ့သောမြေ၊အပုပ်လွန်တဲ့မြေ၊ရေသွင်းရေထုတ်ညံ့တဲ့မြေ များ မှာ ရောဂါပိုဖြစ်စေပါတယ်။

တိမ်ထူပြီးမိုးမပြတ်ရွာနေတဲ့အချိန်တွေမှာရောဂါပြန့်ပွားမှုပိုမြန်စေပါတယ်။


🌾ဘယ်လိုကာကွယ်မလဲ?

-ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုး ကို စိုက်ပျိုးပါ။

-ရောဂါကျအပင်အကြွင်းအကျန်များကိုမီးရှို့ပါ။

-ပေါင်း မြက် များ ရှင်း ပါ။

-သဘာ၀မြေသြဇာ ပိုမို သုံးစွဲပါ။

-ဓာတ်မြေသြဇာနှင့်အနည်းလိုအာဟာရဓာတ်များအချိုးညီစွာသုံးစွဲပါ။

-ရေသွင်းရေထုတ် စနစ်တကျ ပြု လုပ် ပါ ။


#ကိုဇေ_တောင်သူဦးကြီး 🌾

တောင်သူ ဦးကြီး များ အဆင်ပြေ အောင်မြင်ကြပါစေ။

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့