Skip to main content

သစ်စိမ်းမြေသြဇာ

 "သစ်စိမ်းမြေဩဇာ"

**************

 

သစ်စိမ်းမြေဩဇာ (Green Manure) အဖြစ် အသုံးပြုသောအပင်များသည် စိုက်ပျိုးမြေဆီလွှာအား မြေဆီဩဇာထက်သန်စေရန်နှင့် မြေဆီလွှာတိုက်စား ပြုန်းတီးခြင်း (Soil Erosion) မှ ကာကွယ်ရန် စိုက်ပျိုးသော ကြီးထွားမှုမြန်သည့် အပင်များ (ပဲမျိုးရင်းဝင်အပင်များနှင့် ပဲမျိုးရင်းဝင်မဟုတ်သော အပင်များ) ဖြစ်ကြသည်။ ၎င်းအပင်များသည် များသောအားဖြင့် အပင်ပု အပင်ပြန့် အမျိုးအစားဖြစ်ကြပြီး စိုက်ပျိုးနောက် မြေပြင်အား လျှင်မြန်စွာပင် ဖုံးလွှမ်း/ဖုံးအုပ်သွားတတ်သည်။ ၎င်းအပင်များအား ကြီးထွားနေချိန် (သို့) ရိတ်သိမ်းချိန်အနေအထားတွင် ထယ်ထိုးမြေလှန်ပြီး  ဆွေးမြေ့သွားစေရန် အပင်များအား မြေအောက်ရောက်သွားသည်အထိ ထယ်မှောက်ပေးရမည်ဖြစ်သည်။ သို့မှသာ မြေကြီးမှ အာဟာဓာတ်များကိုရရှိပြီး မြေဆီသြဇာထက်သန်မှု ကောင်းမွန်လာစေမည်ဖြစ်သည်။


သစ်စိမ်းမြေဩဇာအပင်များသည် မြေဆီလွှာအား အဖက်ဖက်မှ ထိန်းသိမ်းပြုပြင်ကောင်းမွန်စေပါသည်။ ပဲပုပ်၊ မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းကဲ့သို့ ပဲမျိုးရင်းဝင်အပင်များသည် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူ၍ ၎င်းတို့စားသုံးနိုင်သော ပုံစံဖြင့် အပင်တွင်း၌ ထိန်းသိမ်းထားပေးသည်။ လေထုမှ နိုက်ထရိုဂျင်ဓာတ်ဖမ်းယူမှုဖြစ်စဉ်ကို  ပဲပင်များ၏ မြစ်ဖု (Nodules) များရှိ ဘက်တီးရီးယားပိုးများမှ လုပ်ဆောင်ပါသည်။ ၎င်းပဲပင်များနှင့် ကပ်လျက်စိုက်ပျိုးသောအပင်များ (ဥပမာ- ပြောင်းဖူး) မှလည်း ထိုနိုက်ထရိုဂျင်ဓာတ်ကို စားသုံးရရှိနိုင်ပါသည်။ ပဲပုပ်များ ပျက်စီးဆွေးမြေ့သောအခါ ၎င်းအပင်၏ အစိတ်အပိုင်းများရှိ နိုက်ထရိုဂျင်ဓာတ်သည် မြေထဲတွင်ကျန်ရှိကာ အခြားပင်များမှ ရရှိစားသုံးနိုင်သကဲ့သို့ မြေ၏ဂုဏ်သတ္တိများကို တိုးတက်ကောင်းမွန်စေပါသည်။ 


သစ်စိမ်းမြေဩဇာပင်များသည် မြေဆီလွှာအားရေတိုက်စားခြင်းနှင့် မိုးရေမိုးစက်တို့ထိမှန် ရိုက်ခတ်မှုကြောင့်ဖြစ်သော မြေဆီလွှာသိပ်သည်းမာကျောစေမှုကိုလည်း ကာကွယ်ပေးပါသည်။ စိုက်ပင်များမရှိသောမြေများတွင် မိုးရေစက်တို့ကြောင့် မြေဆီလွှာပျက်ဆီးခြင်း (စီးကြောင်း (Runoff) ဖြစ်ခြင်းနှင့် မြေသားကျစ်လျစ်မာသွားခြင်းစသည်) အန္တရာယ်ကို သစ်စိမ်းမြေဩဇာအပင်များအား မြေဆီလွှာဖုံးပင် (Cover crops) အဖြစ် စိုက်ပျိုးထားခြင်းဖြင့် မြေဆီတိုက်စားပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။ 


သစ်စိမ်းမြေဩဇာပင်များကို စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအား နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကြောင့် အစိုဓာတ်ခမ်းခြောက်မှုပြဿနာနှင့် လေပြင်းများတိုက်ခတ်သောအခါ မြေမှုန့်များ လေနှင့်အတူ လွင့်ပါသွားခြင်းကြောင့် မြေဆီလွှာလေတိုက်စားခြင်းပြဿနာတို့မှလည်း ကာကွယ်ပေးရာ ရောက်ပါသည်။   


သစ်စိမ်းမြေဩဇာအပင်များအား ၎င်းတို့ချည်းသီးသန့် (Pure stand) စိုက်ပျိုးပါက နောက်တစ်ရာသီတွင် စိုက်ပျိုးမည့် နှံစားသီးနှံများ (ပြောင်း၊ လူးဆတ်၊ နေကြာ) အတွက် မြေဆီဩဇာကို ကောင်းစေပါသည်။ ၎င်းနှံစားသီးနှံပင်များကြားတွင်လည်း သီးညှပ် (Intercrop) အဖြစ် နှင့် သစ်သီးပင်များအောက်တွင်လည်း စိုက်ပျိုးနိုင်ပါသည်။


သစ်စိမ်းမြေဩဇာပင်များစိုက်ပျိုးခြင်းကို မည်သည့်မြေမျိုးတွင်မဆို ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် မြေဆီဩဇာ ထက်သန်မှု နည်းသောမြေများနှင့် မိုးရေချိန်နည်း၍ အစိုဓာတ်မရှိသောကြောင့် ဓာတုမြေဩဇာများကို ထိထိရောက်ရောက် အသုံးမပြုနိုင်သောနေရာဒေသများတွင် ပို၍သင့်တော်ပါသည်။ သဲဆန်သောမြေများနှင့် ရွံ့စေးဆန်သောမြေကျပ်များ (Heavy soils) တွင်လည်း ပဲမျိုးရင်းဝင် သစ်စိမ်းမြေဩဇာပင်များကို စိုက်ပျိုးရန် သင့်တော်ပါသည်။  

 

သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရခြင်း၏ ကောင်းကျိုးများ


• အချို့သစ်စိမ်းမြေဩဇာပင်များသည် တိရစ္ဆာန်စာအဖြစ် အသုံးပြုနိုင်ရုံသာမက မြေကြီး၏ အရည်အသွေးကိုပါ တိုးတက်ကောင်းမွန်စေပါသည်။ 

• တိရစ္ဆာန်အစာဖြစ်အသုံးပြုသော ပဲမျိုးရင်းဝင်တစ်မျိုးဖြစ်သည့် လူပင်းပင် (Lupin) သည် နိုက်ထရိုဂျင်ဓာတ်သာမက ဖော့စ်ဖရပ်ဓာတ်ကိုပါ ပေးပါသည်။ 

• အချို့ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆံလျှော်ပင် (Sun hemp) တို့သည် ပေါင်းပင်များပေါ်မှ အုပ်မိုးကြီးထွားလေ့ရှိကြသဖြင့် ပေါင်းပင်များ၏ ပေါက်ရောက်ကြီးထွားမှုကို ဖိနှိပ်ထားပြီးဖြစ်သည်။ 

• မြေအတွင်းသို့ အခြားသဘာဝမြေဩဇာများ (ဥပမာ - မြေဆွေး၊ တိရစ္ဆာန်အညစ်အကြေး) များ လိုက်လံ ထည့်ပေးရခြင်းနှင့်စာလျှင် လုပ်အားများစွာ သက်သာပါသည်။ 

• သစ်စိမ်းမြေဩဇာပင်များသည် စိုက်ပျိုးစရိတ်နည်း၍ လုပ်ကိုင်ဆောင်ရွက်ရမှု လွယ်ကူသည်။

• သစ်စိမ်းမြေဩဇာအစေ့များကို အလွယ်တကူရရှိနိုင်သည်။ 


သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရခြင်း၏ ဆိုးပြစ်များ


• သစ်စိမ်းမြေဩဇာပင်များစိုက်ခြင်း၏ အကျိုးကျေးဇူးသည် ရေရှည်အကျိုးတွက်သာကောင်းပြီး ချက်ချင်း မရခြင်းဖြစ်သည်။ 

• သစ်စိမ်းမြေဩဇာပင်များကို စိုက်ပျိုးပြီး စိုက်ခင်းများအတွင်း အလွယ်တကူ ထယ်မှောက်၍ မြေကြီးအတွင်း ရောက်ရှိအောင် ရောနှောခြင်း မပြုနိုင်ပေ။

• သစ်စိမ်းမြေဩဇာအဖြစ်စိုက်ပျိုးသော အချို့ပဲမျိုးများ (ပဲကြီး၊ ခွေးလျားသီးအယဉ်) သည် အဓိကသီးနှံပင် များအဖြစ် စိုက်ပျိုးထားသောအပင်များနှင့် အာဟာရဓာတ်၊ နေရောင်ခြည်၊ အစိုဓာတ်တို့ကို လုယူစားသုံးကြသောကြောင့် အဓိကသီးနှံပင်များကို အနှောင့်အယှက်မဖြစ်စေသော သစ်စိမ်းမြေဩဇာပင်များအား ဂရုတစိုက်ရွေးချယ်ရန် အရေးကြီးပါသည်။

• အချို့သစ်စိမ်းမြေဩဇာပင်များသည် အဓိကစိုက်ထားသောသီးနှံပင်များကိုပါ ဖျက်ဆီးတတ်သည့် ပိုးမွှား ရောဂါတို့ကို ဖိတ်ခေါ်တတ်သည်။ 

• အချို့သစ်စိမ်းမြေဩဇာပင်များသည် အဓိကစိုက်ထားသော သီးနှံစိုက်ခင်းများအတွင်း အစေ့များတည်ကျ ကျန်ခဲ့ပြီး နောက်စိုက်ပျိုးရာသီတွင် ပေါင်းပင်များအဖြစ် ကြီးထွားလာတတ်သည်။ 

• သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည့်အပင်များသည် ခြောက်သွေ့ပူပြင်းသောဒေသများတွင် အောင်မြင်စွာ မဖြစ်ထွန်းနိုင်ပေ။

• ယခင်က ပဲမျိုးရင်းဝင်သစ်စိမ်းမြေဩဇာပင်များအား မစိုက်ခဲ့ဖူးလျှင် မြေကြီးအတွင်း၌ ၎င်းတို့လိုအပ်သော နိုက်ထရိုဂျင်ဖမ်းယူမည့် ဘက်တီးရီးယားပိုးများ မရှိနိုင်ပေ။


လိုအပ်သောပစ္စည်းများ

• သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုမည့်အပင်၏ မျိုးစေ့များ

• ပေါက်ပြား

• အချို့ပဲမျိုးရင်းသစ်စိမ်းမြေဩဇာပင်များအတွက် ဇီဝမြေသြဇာ (Inoculants)

• အစေ့များနှင့်ရောကျဲပက်ရန် သဲ


သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် နမူနာအပင်များ


လူစားပဲမျိုးရင်းအပင်များ (Food Legumes)

• ကုလားပဲ (Chickpea)

• ပဲလွန်း (Cowpea)

• ပဲတီစိမ်း (Green gram)

• မြေပဲ (Groundnut)

• ပဲကြီး (Lablab bean)

• ပဲစင်းငုံ (Pigeon pea)


တိရစ္ဆာန်စာ ပဲမျိုးရင်းအပင်များ (Fodder Legumes)

• ပဲကြီး (Lablab bean)

• လူပင်း (Lupin)

• ပိုက်ဆံလျှော် (Sunn hemp)

• ခွေးလျားသီးအယဉ် (Velvet bean)


အခြားအပင်များ (Others)

• ဖရုံ (Pumpkin)

• ကစွန်းဥ (Sweet Potato)


သစ်စိမ်းမြေဩဇာပင်များအား သီးသန့်စိုက်ပျိုးခြင်း (Pure Stand)


• မြေကိုတူးဆွ၍ ပေါင်းမြက်များကို ရှင်းလင်းဖယ်ရှားပြီး ပျိုးဘောင်တစ်ခုပြင်ဆင်ပါ။

• ပျိုးဘောင်အား ရေလောင်းပြီး မျိုးစေ့ (သို့) ကိုင်းဖြတ်စများ (cuttings) အား စိုက်ပျိုးပါ။ မြေပြင်အား မြန်မြန်ဖုံးအုပ်သွားစေရန် စိပ်စိပ်စိုက်ပျိုးပါ။ 

• လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ်ပေးရမည်။

• ပန်းပွင့်လာသောအချိန်တွင် ပဲကဲ့သို့သော သစ်စိမ်းမြေဩဇာပင်များသည် ၎င်းတို့၏ အမြစ်များရှိ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူစုဆောင်းနေပြီဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျသွားသော အရွက်များသည်လည်း မြေထဲတွင် သဘာဝမြေဩဇာများ တိုးပွားကြွယ်ဝလာစေသည်။ ပိုက်ဆံလျှော် ပင်အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။

• ကျွဲနွားတိရစ္ဆာန်အစာလိုအပ်ပါက သစ်စိမ်းမြေဩဇာပင်များ၏ ပင်စည်နှင့်အရွက်များကို ရိတ်၍ ကျွေးနိုင် သည်။

• သီးတောင့်များရှိသော အပင်များအား ရိတ်သိမ်းပါ။

• အပင်၏ ကျန်ရှိသော အစိတ်အပိုင်းအားလုံးကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက်ပစ်ပါ။ တိရစ္ဆာန်အစာအဖြစ်အသုံးပြုမည့် ပဲကြီးနှင့် ခွေးလျားသီးအယဉ် (Velvet bean) ကဲ့သို့ အပင်များကို ၂ နှစ်သားအထိ ချန်လှပ်ထားနိုင်သည်။ 

• နောက်သီးနှံမစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာပင်အစိတ်အပိုင်းများကို ဆွေးမြေ့စေရန် အနည်းဆုံး တစ်ပတ်ခန့်ထားပါ။ 

• နောက်စိုက်ပျိုးရာသီတွင် နှံစားသီးနှံ (Cereal) ကို သီးသန့်သော်လည်းကောင်း (သို့) ပဲနှင့် သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ 


ဆောင်ရန်များ 

• မိမိလိုအပ်ချက်နှင့် ကိုက်ညီသော မှန်ကန်သည့်သစ်စိမ်းမြေဩဇာပင်အမျိုးအစားကို ရွေးချယ်ပါ။

• ပေါင်းစေ့များ မပါဝင်အောင် ဆောင်ရွက်ပါ။

• ပဲမျိုးရင်ဝင် သစ်စိမ်းမြေဩဇာမျိုးစေ့များရရှိရန် အခက်အခဲရှိပါက အကွက်ငယ်တွင် ပထမဦးစွာ မျိုးရရှိရန် စိုက်ပျိုးပါ။

• နှံစားသီးနှံပင်များအား ပဲများနှင့် သီးညှပ်စိုက်လျှင် ပုံမှန်ပင်ကြားတန်းကြား အကွာအဝေးဖြင့် စိုက်ပျိုးပါ။

• အစေ့သေးငယ်သော သစ်စိမ်းမြေဩဇာပင်မျိုးစေ့များ (ဥပမာ- ပိုက်ဆံလျှော်) အား မကြဲပျက်မီ အထူအပါး ညီညာစေရန် သဲဖြင့် ဆတူရော၍ ကြဲပက်ပါ။

• မြစ်ဖုအများအပြားထွက်ရှိစေရန် ပဲပုပ်အစေ့များအား ဇီဝမြေသြဇာ (Inoculants) ဖြင့် လူးနယ် စိုက်ပျိုးပါ။ အခြားပဲမျိုးရင်း အပင်များလည်း လိုအပ်ပါက Inoculants အသုံးပြုပါ။ 

• သစ်စိမ်းမြေဩဇာစိုက်ခင်းအား ပေါင်းနှိမ်နင်းပါ။

• အဓိကစိုက်ပျိုးသော သီးနှံများကို အနှောင့်အယှက်မဖြစ်စေရန် သစ်စိမ်းမြေဩဇာပင်များကို အကိုင်းအခက် (Canopy) များကို တိရစ္ဆာန်စာအဖြစ် ရိတ်ဖြတ်ကျွေးနိုင်သည်။


ရှောင်ရန်များ

• စိုက်မည့်မြေသည် စိုလွန်းခြောက်လွန်းပါက သစ်စိမ်းမြေဩဇာပင်မျိုးစေ့များ အညှောက်မပေါက်နိုင် သောကြောင့် မစိုက်သင့်ပေ။

• သစ်စိမ်းမြေဩဇာစိုက်ခင်းအား ကျွဲနွားလွှတ်မကျောင်းသင့်ပေ။ ၎င်းတို့အား သီးသန့်ရိတ်ပြီး လွတ်ရာတွင် ကျွေးမွေးနိုင်သည်။ 

• ပဲမျိုးရင်း သစ်စိမ်းမြေဩဇာပင်များအား မီးဖိုဆောင်ဟင်းချက်စရာအဖြစ် (သို့) တိရစ္ဆာန်စာအဖြစ် အမြောက်အမြား မရိတ်သိမ်းသင့်ပေ။


သစ်စိမ်းမြေဩဇာပင်များအား သီးညှပ်စိုက်ပျိုးခြင်း (Intercrop)

• သစ်စိမ်းမြေဩဇာပင်များအား အဓိကစိုက်သောသီးနှံပင်များ၏ စိုက်တန်းများကြားတွင်  သီးညှပ်အဖြစ်စို်က် ပျိုးနိုင်သည်။ အဓိကစိုက်ပျိုးသောသီးနှံပင်များအား အနှောင့်အယှက်မဖြစ်စေရန် သစ်စိမ်းမြေဩဇာပင်များ စိုက်သောအခါ စိုက်မည့်အပင်အမျိုးအစားနှင့် စိုက်ရာသီတို့ကို သေချာ ရွေးချယ်ရပါမည်။

• မိမိစိုက်ပျိုးမည့်ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသော ပဲမျိုးရင်းဝင် သစ်စိမ်းမြေဩဇာပင်များအား ရွေးချယ်ပြီး မျိုးစေ့အလုံအလောက်ရရှိအောင် ဆောင်ရွက်ပါ။ 

• အစေ့သေး ပဲမျိုးရင်းဝင်အပင်များ (ဥပမာ - ပိုက်ဆံလျှော်) အား ကျဲပက်ပါ။ အစေ့ကြီးမျိုးများအား နှံစားသီးနှံပင်တန်းကြားများတွင် စိုက်ပျိုးပါ။ ပဲကြီးနှင့် ခွေးလျားသီးအယဉ် (Velvet bean) ပင်များအား နှံစားသီးနှံပင်များစိုက်ပြီး ၂ ပတ်ကြာမှ စိုက်ပျိုးပါ။ 

• လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ်ပေးရမည်။

• ပန်းပွင့်လာသောအချိန်တွင် ပဲကဲ့သို့သော သစ်စိမ်းမြေဩဇာပင်များသည် ၎င်းတို့၏ အမြစ်များ ရှိမြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူစုဆောင်းနေပြီဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျ သွားသောအရွက်များသည်လည်း မြေထဲတွင် သဘာဝမြေဩဇာများ တိုးပွားကြွယ်ဝလာစေသည်။ ပိုက်ဆံလျှော်ပင်အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။

• ကျွဲနွားတိရစ္ဆာန်အစာလိုအပ်ပါက သစ်စိမ်းမြေဩဇာပင်များ၏ ပင်စည်နှင့်အရွက်များကို ရိတ်၍ ကျွေးနိုင် သည်။

• သီးတောင့်များရှိသောအပင်များအား ရိတ်သိမ်းပါ။

• အပင်၏ကျန်ရှိသော အစိတ်အပိုင်းအားလုံးကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက်ပစ်ပါ။ တိရစ္ဆာန်အစာအဖြစ်အသုံးပြုမည့် ပဲကြီးနှင့် ခွေးလျားသီးအယဉ် (Velvet bean) ကဲ့သို့အပင်များကို ၂ နှစ်သားအထိ ချန်လှပ် ထားနိုင်သည်။ 

• နောက်သီးနှံမစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာပင်အစိတ်အပိုင်းများကို ဆွေးမြေ့စေရန် အနည်းဆုံး တစ်ပတ်ခန့် ထားပါ။ 

• နောက်စိုက်ပျိုးရာသီတွင် နှံစားသီးနှံ (Cereal) ကို သီးသန့်သော်လည်းကောင်း (သို့) ပဲနှင့်သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ 




ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

25-8-2009 


(မှတ်ချက်။   ။Sustainable Agriculture Extension Manual ပါ “Green Manuring”  အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားပါသည်။)

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့