Skip to main content

ပေါင်းသတ်ဆေးAiများနှင့်သုံးစွဲနိုင်သောပေါင်းပင်အမျိုးအစားများ

 

ပေါင်းသတ်ဆေးAiများနှင့်သုံးစွဲနိုင်သောပေါင်းပင်အမျိုးအစားများ



(1) 2,4-D Amine )(တူးဖိုးဒီ)
နှံစားသီးနှံ၊ပြောင်း၊နှံစားပြောင်း၊မြက်ခင်း၊ကြံ၊စပါး၊သစ်တော၊သီးနှံမစိုက်သောမြေတွင်ပေါက်ရောက်သောမြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်နိုင်ပါသည်။

(2) Atrazine (အာထွာဇင်း)
ပြေင်းသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(3) Bensalfuron methyl(ဘန်ဆာလဖြူရန်မီသိုင်း)
စပါးတွင်ပေါက်ရောက်သော ရွက်ပြန့်ပေါင်းများနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။

(4) Bispyribac sodium(ဘစ်စပိုင်ရီပက်ဆိုဒီယမ်)
စပါးသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက် မုန့်ညင်းရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(5) Butachlor(ဘတ်တာကလာ)
ပျိုးထောင်ကောက်စိုက်စပါး၊တိုက်ကိုက်အစေ့ချစပါးတို့တွင်ပေါက်သော တစ်နှစ်ခံမြက်မုန်ညင်းနှင့် အချို့ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(6) Cyhalofop-butyl(ဆိုင်ဟေလိုဖေါ့ဗျူတိုင်း)
စပါးတွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။

(7) Diuron(ဒိုင်ယူရွန်)
ကညွတ်၊သစ်သီးပင်၊ရှောက်သံပုရာပင်၊နာနတ်၊ငှက်ပျောပင်၊ကြံ၊ဝါ၊ငရုတ်ကောင်း၊ပြောင်း၊နှံစားပြောင်းတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မ်ုညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(8) Ethoxysulfuron(အီသောက်စီဆာလဖြူရန်)
နှံစားသီနှံ၊စပါး၊ကြံသီးနှံတို့တွင်ပေါက်ရောက်သောရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။

(9) Fenoxaprop-P-ethyl(ဖီနောက်ဆာပရော့ပီအီသိုင်းလ်)
ရွက်ပြန့်သီးနှံတွင်ပေါက်ရောက်သော တစ်နှစ်ခံ၊နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။

(10) Formesafen(ဖေါ်မီဆေဖန်)
ရောက်သောရွပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(11) Gluforsinate ammonium(ဂလူဖိုစီနိတ်အမိုနီယမ်)
သစ်သီးခြံတွင်ပေါက်ရောက်သောတစ်နှ်ခံမြက်နှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(12) Glyphosate(ဂလိုင်ဖိုဆိတ်)

သီနှံမစိုက်မှီလက်ရှိပေါက်နေသောပေါင်းများပေါ်သို့ပက်ဖျန်းပီး ပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်မွေပြီးသီးနှံများကိုစိုက်ပျိုးနိုင်သည်။

(13) Haloxyfop-R-methyl(ဟေလောက်ဇီဖေါ့အာမီသိုင်းလ်)
သကြားမုန်လာ၊အာလူး၊ရွက်စားဟင်းသီးဟင်းရွင်၊ကြက်သွန်၊လျှော်မျှင်သီးနှံ၊နေကြာ၊ပဲပုတ်၊စတော်ဘယ်ရီတို့တွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။

(14) Imazethapyr(အီမာဇီသပျာ)
ပဲပုတ်နှင့်အခြားပဲမျိုးရင်းဝင်တို့တွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(15) Oxadiazon(အောက်စီဒိုင်ယာဇွန်)
သစ္စာပန်း၊နှင်းဆီ၊သစ်သီးပင်၊ဝါ၊စပါး၊ပဲပုတ်၊နှမ်း၊နေကြာ၊ကြက်သွန်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(16) Oxyfluofen(အောက်စီဖလူရိုဖန်)
သစ်သီးပင်၊နှံစားသီးနှံ၊ပြောင်း၊ပဲပုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊မြေပဲ၊စပါး၊ဝါ၊ငှက်ပျော၊နှင့်အလှစိုက်အပင်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(17) Paraquat(ပါရာကွပ်)
ပေါက်နေသောပေါင်းပင်များပေါ်သို့ပက်ဖျန်းပြီးပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်‌မွှေပီး သီးနှ့များကိုစိုက်ပျိုးနိုင်သည်။

(18) Pendimethalin(ပန်ဒီမီသလင်)
နှံစားသီးနှံ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပြောင်း၊နှံစားပြောင်း၊နှမ်း၊မြေပဲ၊မုန်လာဥနီ၊နံနံပင်၊အာလူး၊ဝါတို့တွင်ပေါက်ရောက်သောတစ်နှ်စ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(19) Pretilachlor(ပရီတေလာကလော)
ရွှေ့ပြောင်းစိုက်စပါး၊အစေ့တိုက်ရိုက်ချစပါးတွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအချို့ကိုနှိမ်နင်းနိုင်ပါသည်။

(20) Propanil(ပရိုပနေး)
စပါနှင့်ဂျုံတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(21) Pyrazosufuran-ethyl(ပိုင်ရာဇိုဆာလဖြူရန်အီသိုင်းလ်)
စပါးတွင်ပေါက်ရောက်သောမြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(22) Quinclorac(ကွန်ကလိုရက်)
တိုက်ရိုက်အစေ့ချစပါးနှင့်ရွှေ့ပြောင်းစိုက်စပါးတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

(23) Quizalofop-P-ethyl(ကွီဇာလိုဖေါ့ပီအီသိုင်းလ်)
အာလူး၊ပဲပုတ်၊မြေပဲ၊နေကြာ၊ဟင်းသီးဟင်းရွက်၊ဝါနှင့်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင့်နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။
#ကိုဇေ_တောင်သူဦးကြီး
ကိုးကား-PP Mobile App
#တောင်သူဦးကြီး_TaungThuOoGyi

Comments

Popular posts from this blog

လှေးပိုး

 လှေးပိုးကာကွယ်နှိမ်နင်းခြင်း """"""""""""""""""''''''''' ကျရောက်ချိန်ကာလ ။   ။ ပူပြင်း၊ခြောက်သွေ့သောရာသီ ဟာ၊လှေးပေါက်ပွားမှုအများဆုံးရာသီဖြစ်ပါတယ်။ ဖျက်ဆီးမှုလက္ခဏာ ။    ။လှေးကျရောက်နေမှန်းသိသာစေတဲ့အချက်ကတော့ ငရုတ်ပင်အရွက်ဟာလှေပုံသဏ္ဍာန်ဖြစ်ပီး အရွက်တွေထွတ်လာပါမယ်(ပုံမှာပြထားပါတယ် အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ဘဝစက်ဝန်း။ ။လှေးရဲ့ ဘဝစက်ဝန်းဟာ၊ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ၊ဥဘဝမှ အကောင်ကြီး အထိ 14-23ရက်ကြာတတ်ပါတယ်။ လှေးကို၊ဘာကြောင့်နှိမ်နင်းရခက်တာလဲ *"''''''''''''''''''''''''''''''''''''''''''''''''''''''''''''
 အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ ၁။ မျိုးရိုး ဗီဇ ကိုထိမ်းထာနိုင်ခြင်း ၊ ၂။ အပင်ပေါက် ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊ ၃။ အဟာရဓာတ်များကို ကောင်းမွန်စွာ စုတ်ယူစားသုံးနိုင်ခြင်း၊ ၄။ ပိုးမွှားရောဂါ နှင့် အခြားဖျက်ဆီးမှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ ၅။ ပေါင်းစေ့ကင်းစင်ခြင်း၊ ၆။ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ၇။ ရင့်မှည့်မှုညီညာ၍အလေအလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ၈။ အခြားမျိုးကွဲစေ့များ ကင်းစင်ခြင်း ၊ ၉။ အထွက်နှုန်း ကို ၂၀-၃၀ % အထိ တိုးနိုင်ခြင်း  အရည်အသွေးကောင်းမျိုးစေ့တွင်ရှိရမည့် အရည်အချင်းလက္ခဏာများ ၁။ မျိုးရိုး ဗီဇမှန်ကန်ခြင်း ၊ ၂။ မျိုးစေ့စွမ်းအားနှင့် ပြည့်စုံခြင်း ၊ ၃။ အပင်ပေါက်နှုံး ကောင်းမွန်ခြင်း ၊ ၄။ မျိုးစေ့ အရွယ်အစား ညီခြင်း၊ ၅။ အဖျင်းအမှော် ၊ ဖုန်၊ ခဲ ၊ သဲ ကင်းစင်ခြင်း ၊ ၆။ ဆန် နီစေ့ ကင်းစင်ခြင်း ၊ ၇။ ပိုးမွှားဖျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာ ကင်းစင်ခြင်း ၊ ၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း ၊ ၉။ ပေါင်းစေ့နှင့် အခြား မျိုးစေ့များကင်းခြင်း ၊ ၁၀။ ကောင်းစွာ ရင့်မှည့် ခြောက်သွေ့ ခြင်း ။ 

ဓာတုဆေးများသတိနဲ့သုံးစွဲစေချင်

 တစ်နေ့က လက်ဖက်ရည်ဆိုင်မှာပိုးသတ်ဆေး၊ဓာတုဆေးများ နဲ့ပတ်သတ်ပြီး တောင်သူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်တယ်ဗျာ။ ပိုးသတ်ဆေးတွေအသုံးများပြီး သေဆုံးသွားသူများရှိကြောင်း ၊ ဓာတုမြေသြဇာတွေအသုံးပြုမှု စတာတွေ ဆွေးနွေးမိတယ်။ဒီတောင်သူလိုပဲအခြား ကျတော့်မိတ်ဆွေ တောင်သူကြီး များလည်း ပိုးသတ်ဆေး၊ဓာတုဆေး နဲ့သက်ဆိုင်တဲ့ဗဟုသုတအသိပညာတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ခက်တာက  ပိုးတွေဆို သေရင် ပြီးရော ၊ ဆေးပြင်းလား ပျော့လားမသိကြပဲ သုံးနေကြတယ်။ ဥပမာ ခရမ်းချဥ်မှာကျ တဲ့သရစ်ပိုးကို Dinotefuran နဲ့ နှိမ်နင်းလို့ရတဲ့အခြေအနေမှာ Imidachloprid ၊Profenofos စတဲ့ ဆေးတွေသုံးတာမျိုး ပါ။ ပိုး စကျ ပြီဆိုကတည်းက ဆေးအပြင်းတွေ သုံးတာက ဖျက်ပိုးတွေသာမက မိတ်ဆွေပိုး တွေ မှာ ပါ ထိခိုက်မှုရှိတယ်ဆိုတာနားလည်သင့်ပါတယ်။ ခု ဆို လယ်ထဲမှာ ပုဇွန်လုံး ၊ တီကောင် ၊ ပုစဥ်း ၊လိပ်ခုံး ကျိုင်း စတဲ့မိတ်ဆွေပိုးတွေဟာ အင်မတန်နည်းပါးသွားတာကိုတွေ့ရပါတယ်။ ဓာတုဆေးတွေသုံး ကြရင်း အခုနောက်ပိုင်းမှာ ကျန်းမာရေး တွေထိခိုက်လာကြတယ်။အသည်း၊ နှလုံး ၊ကျောက်ကပ် ၊ကင်ဆာ ရောဂါတွေ ၊အာရုံကြောရောဂါတွေ စသဖြင့်ပေါ့... အဓိက အားဖြင့် ဓာတုဆေး တွေ မှာ PHI( Pre Harvest Interval ) ဆို တဲ့